ပြဿနာဖြေရှင်းခြင်း: ပို့စ် ကျ / "Partially failed"
ပထမအဆင့် အမြဲ: channel တစ်ခုချင်းရဲ့ အကြောင်းရင်း ဖတ်ပါ
တင်ပြီးချင်း ရလဒ် window က channel တိုင်းကို ပြပါတယ်။ နောက်မှဆိုရင် Posts ကိုဖွင့်ပြီး အပေါ်က Failed ဒါမှမဟုတ် Partial အကွက်ကို နှိပ်ပါ — ပို့စ်အောက်မှာ ကျခဲ့တဲ့ channel တစ်ခုချင်းရဲ့ အကြောင်းရင်းကို အနီရောင်နဲ့ ပြပါတယ်။ ပို့စ်တစ်ခုလုံး badge က အကျဉ်းချုပ်သာ — channel တစ်ခုစီ သူ့ရလဒ်ကိုယ်စီနဲ့ failure အတွက် အတိအကျ အကြောင်းရင်း ပြပါတယ်။ အဲဒီအကြောင်းရင်း ဖြေရှင်းပြီး Retry Failed (ပို့စ်ပေါ်က ⋮ → Retry Failed) သုံးပါ — ကျခဲ့တဲ့ channel ကိုပဲ ပြန်ကြိုးစားလို့ credit နှစ်ခါ မကုန်၊ ပို့စ် နှစ်ခါ မထွက်ပါ (သင်ခန်းစာ ၁၃)။
#၁ — Facebook / Instagram: Page-role error (အဖြစ်များဆုံး)
#၂ — YouTube / Instagram: content type မှား
- YouTube only supports video and short posts / Unsupported YouTube post type… — YouTube က ဗီဒီယို လိုတယ်။ စာ/ဓာတ်ပုံ ပို့စ် မသွားနိုင်။
- Unsupported Instagram post type… Instagram requires media content. — Instagram က ဓာတ်ပုံ/ဗီဒီယို လိုတယ်; စာသက်သက် ပို့စ် မရ။
ဖြေရှင်းနည်း: မှန်တဲ့ media တွဲ ဒါမှမဟုတ် အဲဒီ channel မရွေးပါနဲ့။ အများအားဖြင့် အဲဒါတွေ skip အဖြစ် အစောပိုင်း ဖမ်းမိတယ် (သင်ခန်းစာ ၇) — failure အဖြစ် တွေ့ရင် media ထည့်ပြီး retry ပါ။
#၃ — Instagram: "Invalid parameter"
Instagram Video Error: Invalid parameter (နဲ့ ဆင်တူ) က အများအားဖြင့် media က Instagram ရဲ့ Reel လိုအပ်ချက် မမီတာ — အများဆုံး ဗီဒီယိုအရှည် ဒါမှမဟုတ် အချိုး (aspect ratio)။ App က ပုံစံအနည်းငယ် ပြောင်းပြီး အလိုအလျောက် ပြန်ကြိုးစားပေးပါတယ်၊ ဒါပေမယ့် ကျဆဲဆိုရင်:
- Instagram အတွက် ဗီဒီယို ၁၅ မိနစ် (နဲ့ အောက်)၊ 300 MB အောက် ထားပါ (ရှည်ရင် ဖြတ်၊ ကြီးရင် ချုံ့ပေးပေမယ့် တစ်ခါတလေ ကျနိုင်ပါတယ်)။
- Reel အတွက် ပုံမှန် ဒေါင်လိုက် အချိုး (~9:16) သုံးပါ။
- ဗီဒီယိုကို edit app ကနေ ပြန် export လုပ် (ဒါမှမဟုတ် ဖြတ်တို) ပြီး ပြန်တင်ပါ။
#၄ — Instagram: "User access is restricted"
Instagram Reel Error: User access is restricted က Instagram က account ကိုယ်တိုင်ကို ကန့်သတ်ထားတာ — Instagram ဘက်က သတ်မှတ်ထားတဲ့ အခြေအနေပါ။ သင့် Instagram account မှာ restriction/review notice ရှိမရှိ စစ်၊ Instagram မှာ ဖြေရှင်း၊ ပြီးမှ retry ပါ။ (Channel reconnect က account restriction ကို မဖြေရှင်းပါ။)
#၅ — "not publicly accessible" (အများအားဖြင့် support လိုတယ်)
… is not publicly accessible (HTTP …) က platform က သင့် media ကို ကျွန်ုပ်တို့ server ကနေ မဆွဲယူနိုင်တာ။ မိနစ်အနည်းငယ် စောင့်ပြီး Retry Failed တစ်ကြိမ် နှိပ်ကြည့်ပါ။ ဆက်ဖြစ်နေရင် ပို့စ်အသေးစိတ်နဲ့ support ကို ဆက်သွယ်ပါ (Telegram @paingthucom)။
#၆ — Facebook video upload errors
Facebook က တစ်ခါတလေ ရှင်းရှင်းလင်းလင်း အကြောင်းမပြဘဲ ဗီဒီယို upload ကို ငြင်းတတ်ပါတယ် ("unknown error" ဒါမှမဟုတ် upload size message)။ အများအားဖြင့် ဒုတိယအကြိမ်မှာ ရပါတယ်:
- တစ်မိနစ်နေပြီး Retry Failed — အများစု ဒုတိယအကြိမ်မှာ ရှင်း။
- ဗီဒီယိုကြီး ဆက်ကျရင် ချုံ့/ဖြတ်တိုပြီး (သင်ခန်းစာ ၈) ပြန်တင်ပါ။
#၇ — Authentication expired
YouTube authentication expired. Please reconnect your account… (နဲ့ platform တိုင်းက ဆင်တူ auth error) က channel reconnect လိုတာ။ Reconnect ပါ (သင်ခန်းစာ ၁၄)၊ ပြီးမှ Retry Failed။ Channel မှာ "Needs reconnect" badge ပြရင် အဲဒါ သင့်အချက်ပြပါ။
#၈ — တစ်ရက်စာ limit ပြည့်သွားပြီ (မနက်ဖြန် ပြန်တင်ပါ)
Platform တစ်ခုစီက account တစ်ခု တစ်ရက်မှာ တင်နိုင်တဲ့ အရေအတွက်ကို ကန့်သတ်ထားပါတယ်။ အဲဒီ limit ပြည့်သွားရင် channel မှာ ဒီစာတွေထဲက တစ်ခု ပြပါမယ်:
- TikTok has reached your account's daily posting limit. Please try again tomorrow — this is a TikTok limit, not a SocialAuto issue.
- YouTube has reached your channel's daily upload limit. Please try again tomorrow — this is a YouTube limit.
- Instagram allows 25 posts per day per account and has reached that limit. Please try again tomorrow.
ဖြေရှင်းနည်း: ဘာမှ မပျက်ပါ — မနက်ဖြန်အထိ စောင့်ပြီး Retry Failed နှိပ်ပါ။ အရင် ပြန်ကြိုးစားရင် limit အတူတူကိုပဲ ထပ်ထိပါမယ်။
ခဏတာ ရပ်ခိုင်းတာဆိုရင် … temporarily limited posting on your account. Please try again later — this is a … limit. လို့ ပြပါတယ် (ဥပမာ Telegram မှာ)။ မိနစ်အနည်းငယ် စောင့်ပြီး Retry Failed နှိပ်ပါ။
အမြဲလုပ်ရမယ့် အဆင့်များ
- Posts → Failed/Partial → channel တစ်ခုချင်းရဲ့ အနီရောင် အကြောင်းရင်း ဖတ်။
- အကြောင်းရင်း ဖြေရှင်း (Page role ပြန်ရ · reconnect · media ထည့် · ဗီဒီယို trim · စောင့်)။
- Retry Failed (ကျခဲ့တဲ့ channel ကိုပဲ ပြန်ကြိုးစား)။
- အကြောင်းရင်းတူနဲ့ ကျဆဲလား? အကြောင်းရင်း မဖြေရသေး — ဒါမှမဟုတ် support case (#၅)။
Failed ဒါမှမဟုတ် Partially failed ပို့စ်က media ကို ၇ ရက် သိမ်းထားလို့ အဲဒီအတွင်း Retry Failed နှိပ်ရင် ပြန် upload စရာ မလိုပါ။ ၇ ရက်ကျော်ရင် ဖိုင်ကို ရှင်းလိုက်ပြီမို့ Retry လုပ်ရင် မူရင်းဖိုင်ကို ပြန်တွဲခိုင်းပါမယ်။
ဘယ်အချိန် support ဆက်သွယ်မလဲ
ဆက်သွယ်ပါ (Telegram @paingthucom / WhatsApp +66 91 333 7003) — "not publicly accessible" ဆက်ဖြစ်ရင်၊ failure message က ဒီမှာ ဘာနဲ့မှ မကိုက်ရင်၊ ဒါမှမဟုတ် ထင်ရှားတဲ့ အကြောင်းရင်း ဖြေရှင်းပြီးတောင် မတင်နိုင်ရင်။ ပို့စ်အကြောင်းနဲ့ channel ရဲ့ message အတိအကျကို ထည့်ပြောပါ။
အဖြစ်များတဲ့ အမှားများ
- Channel ရဲ့ အကြောင်းရင်း မဖတ်ဘဲ ပြန်တင်ခြင်း — အမှားအတူတူ ထပ်ဖြစ်ပါမယ်။
- Page-role error ကို app ထဲ ဖြေရှင်းဖို့ ကြိုးစား — Facebook မှာ role အရင် ပြန်ရ။
- တစ်ရက်စာ limit error ကို တစ်နေ့တည်းမှာ ထပ်ခါထပ်ခါ retry — မနက်ဖြန်မှ ရပါမယ်။
- "not publicly accessible" ကို အဆက်မပြတ် retry — support ဆက်သွယ်ပါ။
📱 ဖုန်းအတွက် မှတ်ချက်: channel တစ်ခုချင်းရဲ့ ရလဒ်နဲ့ Retry Failed က ဖုန်းမှာ အပြည့် အလုပ်လုပ်ပါတယ်။
အထက်က failure အများစုနောက်က token နဲ့ access ပြဿနာများ။